Jul
11
2009

မိုက်ကယ်


မိုက်ကယ်ဂျက်ဆင်
မိုက်ကယ်ဂျက်ဆင်
အိမ်မှာ တီဗွီဖွင့်လိုက်တော့လည်း မိုက်ကယ်ဂျက်ဆင်၊
အိမ်ကလူတွေ ပြောနေကြတာလဲ မိုက်ကယ်ဂျက်ဆင်။
ရုံးမှာလည်း ဒီဇိုင်နာမမတွေက သူ့ဗွီဒီယိုတွေဖွင့်ကြည့်ကြ သူ့အကြောင်းတွေပြောကြနဲ့ ။
သတင်းစာ၊ မဂ္ဂဇင်းစာမျက်နှာတွေမှာလည်း မိုက်ကယ်ဂျက်ဆင်။
မိုက်ကယ်ဂျက်ဆင်၊ မိုက်ကယ်ဂျက်ဆင်နဲ့ နေရာတိုင်းမှာ သူ့သတင်း၊ သူ့အကြောင်းတွေ။
အလို!.. ကျနော်ကြည့်နေကြ ဒီဇိုင်းဝက်ဘ်ဆိုက်တွေမှာလည်း သူ့ပုံတွေပါပဲလား။
ပန်ချီဆရာတွေကလည်း လက်ရာမြောက်ကြသလို မိုက်ကယ်ပုံတွေကလည်း ကျနော့်ကို ကလေးဘ၀ ဟိုးအတိတ်ဆီကို ပြန်ခေါ်သွားနိုင်ခဲ့ပါတယ်။
ဟုတ်ကဲ့.. ကျနော်လည်း ငယ်ငယ်တုန်းက မိုက်ကယ်ဂျက်ဆင်သီချင်းတွေကြားမှာ ကြီးပြင်းခဲ့သူပါ။


သူ့ပန်းချီပုံလေးတွေကြည့်ချင်ရင်တော့ graphicdesignblog.org ဆိုတဲ့ ၀က်ဆိုက်မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

Share This Post

About the Author:

မြန်မာ Web Designer တစ်ယောက်ပါ။ Web ဒီဇိုင်း၊ Graphic ဒီဇိုင်း၊ ကွန်ပျူတာပိုင်းနဲ့ ပတ်သက်ပြီး ကျနော့် အတွေ့အကြုံတွေ၊ ကျနော်လေ့လာခဲ့တဲ့ အကြောင်းအရာလေးတွေ၊ မှတ်သားထားတာလေးတွေကို ဦးစားပေးပြီး ရေးသားထားတာပါ။ ကျနော့်ပတ်ဝန်းကျင်က လေ့လာစရာ ဗဟုသုတလေးတွေအပြင်၊ ကျနော့်ဝါသနာပါတဲ့ ကဗျာစာပေနဲ့ မှတ်သားစရာ စာတိုပေစလေးတွေကိုလဲ ရေးသားထားပါတယ်။

4 Comments + Add Comment

  • ငယ်ငယ်က..သူ့ ရဲ့ ..ဗီဒီယိုခွေဖွင့်ပြီး..လိုက်ကတာ
    မှတ်မိနေသေးတယ်..ဟီးးးးး

  • ကျွန်တော်တို့လဲ ကိုကိုဆောင်းရဲ့ အခွေတွေ ကြည့်ချင်လိုက်တာ …

  • ဟုတ်ကဲ့ ဟုတ်ကဲ့ သွားကြည့်လိုက်မယ်

  • အခွေဘယ်တော့ထွက်မှာလဲဟင် MrDBA ကအခွေကြည့်ချင်လို့တဲ့ :)

Leave a comment