14
2009
Advertisement Banner လေးတွေ အကြောင်း
Web Designer တစ်ယောက်ဟာ တခါတရံမှာ ၀က်ဘ်ဆိုက်အတွက် ကြော်ငြာလေးတွေ ပြုလုပ်ရတတ်ပါတယ်။ အသင့်လုပ်ထားပြီးသောကြော်ငြာကို ထည့်ပေးရသည်ဖြစ်စေ၊ ကိုယ်ကိုယ်တိုင်ပြုလုပ်၍ ထည့်သည်ဖြစ်စေ Advertisement လေးတွေဟာ ၀က်ဘ်ဆိုက်ရဲ့ sider bar သို့မဟုတ် Footer/Header များတွင် ပါရှိတတ်ပါတယ်။ အဲဒီကြော်ငြာလေးတွေက ဆိုက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိတတ်ကြပါတယ်။ တချို့က Flash လေးတွေ၊ တချို့က Gif Animation လေးတွေ (gif ဖိုင်လေးတွေပါ)၊ တချို့ကတော့ ရိုးရိုး jpeg (သို့) gif ဖိုင်လေးတွေဖြစ်ပါတယ်။
တစ်ချက်ကြည့်ရအောင်.. yahoo.com, amazon.com, ebay.com စတဲ့ ဆိုဒ်တွေမှာ ကြော်ငြာလေးတွေပါပါတယ်။ ကောင်းပါပြီ ..။ ဒီဇိုင်းနာတစ်ယောက်အတွက် ဒီလိုကြော်ငြာလေးတွေလုပ်ရတာ အပန်းမကြီးလှပါဘူး။ သို့သော် ကြော်ငြာရှင်တစ်ယောက်အတွက်တော့ အရေးကြီးပါတယ်။ သူ့ကြော်ငြာလေးသည် စိတ်ဝင်စားဖွယ်ဖြစ်မှ .. ဆွဲဆောင်မှုကောင်းမှ၊ သူ့ကုန်ပစ္စည်း (သို့မဟုတ်) သူ့ရဲ့ကြော်ငြာဟာ အောင်မြင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်က ကျနော်တို့ ၀က်ဘ်ဆိုက်က လှပါတယ်။ ဒါပေမယ့်ကြော်ငြာ banner လေးက မလှဘူးဖြစ်နေတယ်ဆိုရင်ရော..။ တိုက်ပုံအကျီင်္နဲ့ ပိုးပုဆိုးနဲ့ဝတ်ပြီး ကြက်ပေါင်ဖိနပ်စီးသွားတာနဲ့ တူနေပါမယ်။ ဟုတ်ပါပြီ.. ဒါကြောင့် ကျနော်တို့ website banner လှလှလေးတွေ လုပ်တတ်ဖို့ လိုအပ်ပါတယ်။ ပထမဆုံး ကြော်ငြာလေးတွေ မလုပ်ခင်မှာ ဘယ်ဝက်ဘ်ဆိုက်မှာ ကြော်ငြာလေးတွေကို ဘယ်လိုလုပ်ထားတယ်။ ဘာနဲ့လုပ်ထားတယ်(ဥပမာ- ဖလက်ရှ်ဖိုင်လေးတွေလား၊ gif လေးတွေလား၊ ရိုးရိုး jpeg ပုံလေးတွေပဲလား) ဆိုတာလေးတွေကို လေ့လာကြည့်လိုက်ပါအုံး။
ကိုင်း..ကောင်းပြီ။ ကျနော်လုပ်ထားတဲ့ banner လေးတစ်ခုကို နမူနာကြည့်ရအောင်။ ဒီကြော်ငြာလေးကတော့ gif ဖိုင် animation လေးတစ်ခုပါ။ ၀က်ဘ်ဆိုက်တစ်ခုအတွက်ကြော်ငြာလေးတစ်ခုပါ။

ဒီ banner လေးမှာ အချပ်သုံးချပ်ပါဝင်ပါတယ်။ ပထမတစ်ချက်မှာ ၀က်ဘ်ဆိုက်လိုဂိုလေးရယ်၊ Headline Text (ခေါင်းကြီးစာသား) ရယ်၊ Shopping ထွက်မယ့် ကောင်မလေးတွေရဲ့ပုံလေးရယ် ပါဝင်ပြီးတော့ နောက်နှစ်ချက်မှာတော့ စာသားတွေကိုပဲ ပြောင်းပြီးလှည့်သုံးသွားပါတယ်။ လိုဂိုအရောင်နဲ့ ကိုက်မယ့် နောက်ခံကာလာအရောင်လေးရယ်၊ စာလုံးအထူအပါး၊ အကျဉ်းအကျယ်လေးတွေရယ်၊ နေရာလွတ်လေးတွေကိုဖြည့်ပီး မျက်စိပသာဒဖြစ်အောင် ဖန်တီးယူရပါတယ်။ ဖိုင်ဆိုက် (File size – 152KB) ရှိပါတယ်။ File size အနည်းငယ်ကြီးတယ်ထင်ရပေမယ့် Animation ဖိုင် တစ်ခုအတွက်ကတော့ ကြီးတယ်လို့မပြောပလောက်ပါဘူး။ တကယ်လို့သာ ကျနော်တို့က ဒီနေရာမှာ Flash နဲ့လုပ်မယ်ဆိုရင်တော့ size က ပိုကြီးသွားနိုင်ပါတယ်။

နောက်တစ်ခု ကျနော်လုပ်ထားတဲ့ ကြော်ငြာလေးကတော့ Beauty Spa တစ်ခုရဲ့ ကြော်ငြာလေးပါ။ gif animation လေးတစ်ခုပါပဲ။ Adobe Photoshop CS နဲ့ ImageReady CS တို့ကို သုံးပြီးလုပ်ထားတာပါ။ လုပ်ရတာအင်မတန်လွယ်ကူပါတယ်။ ကြိုးစားပြီး ကိုယ်တိုင်ကြော်ငြာ banner လေးတွေကို ဖန်တီးကြည့်သင့်ပါတယ်။



ဒါလေးတွေကတော့ ရိုးရိုးကြော်ငြာပုံလေးတွေဖြစ်ပါတယ်။ jpeg ဖိုင်လေးတွေပါ။
နောက်ဆုံးအနေနဲ့ အကြံပေးလိုတာကတော့ ကြော်ငြာတစ်ခုပြုလုပ်တဲ့နေရာမှာ အိုင်ဒီယာက အရေးကြီးပါတယ်။ ကိုယ့် customer တွေက ပေးချင်တဲ့ မက်ဆေ့ကို ထိရောက်ဖို့လဲ လိုပါတယ်။ ပြီးရင် အရောင်ရယ်၊ စာလုံးဖောင့်တွေရဲ့အနေအထားရယ်၊ logo နဲ့ ကြော်ငြာမှာ ပါမယ့် photo ရယ် .. ဒါတွေကိုကြည့်ပြီး ချိန်ဆရပါတယ်။ အထူးသဖြင့် အလေ့အကျင့်များများလုပ်ရင်းက လုပ်တတ်သွားမှာဖြစ်တယ်။ ဒါကြောင့် ပထမဦးစွာ ကြော်ငြာလေးတွေကို လေ့လာပါ။ လေ့လာတဲ့နေရာမှာ အယူအဆရော ဖန်တီးမှုအပိုင်းရော၊ ဖန်တီးထားတဲ့နည်းလမ်းရော၊ နောက်တစ်ခါ အဲဒီကြော်ငြာလေးတွေကို အတုခိုးပြီး ဒီထက်ကိုကကောင်းအောင် ဒီနေရာမှာဘယ်လိုသုံးရမလဲ စသဖြင့်တွေးတောကြံဆပြီး နမူနာယူလေ့ကျင့်သင့်ပါတယ်။
ဆောင်းချမ်းမိုး
ဆက်လက်လေ့လာရန်
Web Banner လေးတွေအကြောင်း (Wikipedia)
Designing a simple website banner with a logo using Photoshop
Free Banner Templates (.PSD Files / Flash Files)
Create a web banner with Photoshop
how to create a professional animated ad banner
Adobe Flash CS3 Tutorial: Creating an Animated Banner
4 Comments + Add Comment
Leave a comment
ဖတ်စရာ မှတ်စရာ
- First Eleven Journal
- Idea Magazine
- Lifestyle Magazine
- MANDALAY ICON MAGAZINE
- People Magazine
- Perfect Magazine
- ကာတွန်း
- စီ အီး အို စီးပွားရေးနှင့်စီမံခန့်ခွဲမှု မဂ္ဂဇင်း
- ပလုတ်တုပ်ကလေးဂျာနယ်
- ဖိုးဝ
- မာယာမဂ္ဂဇင်း
- မုခ မဂ္ဂဇင်း
- ရန်ကုန်တိုင်း(မ်)
- လမ်းအိုလေး(စာအုပ်စင်)
- လျှပ်တပြက်ဂျာနယ်
- သရဖူ
- သံလွင်အိပ်မက်
- အင်တာနက်ဂျာနယ်
- ဈေးကွက်ဂျာနယ်
- ပေဖူးလွှာ
- ပေါ်ပြူလာ
- ရွှေအမြုတေ
- မြန်မာမဂ္ဂဇင်း၊ ဂျာနယ်များ
- ၀ိညာဉ်သစ် မြန်မာအွန်လိုင်း စာကြည့်တိုက်

An article by songchanmoe





အိမ်လည်ရောက်ခဲ့ပါတယ်
အိမ်လေးကနှင်းစက်လေးတွေကျပြီးသိပ်လှနေပါကြောင်း
ပထမဆုံးပုံလေး သဘောကျတယ် အိုင်ဒီယာလေးမိုက်တယ်း)
Great information! Thanks!
“ဖိုင်ဆိုက် (File size – 152KB) ရှိပါတယ်။ File size အနည်းငယ်ကြီးတယ်ထင်ရပေမယ့် Animation ဖိုင် တစ်ခုအတွက်ကတော့ ကြီးတယ်လို့မပြောပလောက်ပါဘူး။ တကယ်လို့သာ ကျနော်တို့က ဒီနေရာမှာ Flash နဲ့လုပ်မယ်ဆိုရင်တော့ size က ပိုကြီးသွားနိုင်ပါတယ်။”
ကျနော့ အတွေ့အကြုံအရဆိုရင် Ad plat form တွေပေါ်မှာလဲ အတော်မူတည်တယ်။ သူ့ လိုအပ်ချက်တွေ ကန့်သက်ချက်တွေကလဲ အများကြီးပဲ။
ဥပမာ တစ်ခုပြောရရင်။
AsiaOne, ChannelNewsAsia, Business Time, Strait Times စတဲ့ website တွေမှာ ကြောငြာ ဖို့ ကျနော် နောက်ဆုံးလုပ်ပြီးသွားတဲ့ flash banner ဆိုရင် 50kb ပဲလက်ခံတယ်။
အဲဒိမှာ technology အကြောင်းနားမလည်တဲ့ ကြောငြာရှင်၊ ကြော်ငြာ လက်ခံတဲ့ Agency၊ နောက် Ad Platforms၊ အဲဒါတွေကြားခဏခဏ ညပ်တယ်။ တစ်ဖက်က ပုံတွေ resolution မကောင်းဘူး complain တက်တယ်။ တစ်ဖက်က size ကြော်နေဘီ warning ပေးတယ်။ ရှုပ်နေတာပဲ