Browsing articles in "အတွေ့အကြုံ၊ Web"
Mar
20
2009

ဒုံးပျံလေးနဲ့တင်လွှတ်မယ် …

ကျနော်ရဲ့ပထမဆုံးသော Flash Action Script နဲ့လုပ်ထားတဲ့ Animation Project တစ်ခုပါ . . ဘာမှမဟုတ်ဘူးထင်ရပေမယ့် ရလိုက်တဲ့ အတွေ့အကြုံသင်ခန်းစာတွေက လုံးဝအဖိုးတန်သွားပါတယ်။ action script 2.0 နဲ့ PHP mail function ကို တွဲပီးရေးထားပါတယ်။ ပထမဆုံးအတွေ့အကြုံဆိုတော့ ကိုယ် send လိုက်တဲ့ mail လေး သူငယ်ချင်းဆီရောက်သွားတယ်ဆိုရင်ပဲ တော်တော်လေးပျော်သွားပါတယ်။ PHP ကို လေ့လာဆဲပဲရှိပါသေးတယ်။ ရှာရင်းဖွေရင်းတီထွင်အောင်မြင်သွားပါတယ်။ ကြားထဲမှာအခက်အခဲတစ်ခုကတော့ PHP mail functionက ကိုယ့်ရဲ့ hosting server မှာ အလုပ်လုပ်ပြီးတော့ customer ရဲ့ server side ဘက်မှာ အလုပ်မလုပ်တာပါပဲ . . ကျနော်တော်တော်ခေါင်းစားသွားပါတယ်.. တစ်မနက်ခင်းလုံး forum တွေ web site တွေမှာ အသည်းအသန်လိုက်ရှာခဲ့ပါတယ်။ အဖြေကတော့မတွေ့ပါဘူး။ နောက်တော့ hosting company ရဲ့ Helpdesk ကို mail နဲ့လှမ်းမေးပါတယ်။ သူကတော့သူ့တို့ server မှာ PHP က အလုပ်လုပ်တဲ့အကြောင်း testmail.php ဆိုတဲ့ ဖိုင်လေးတစ်ခု ftp ဖိုင်တွေထဲကို လှမ်းထည့်ပေးပါတယ်။ နောက်ဆုံးတော့ကျနော်လဲ အဲဖိုင်ထဲက coding တွေကို ဖတ်ကြည့်ပါတယ် . . အဲတော့မှ ကျနော့်အမှားကို ကျနော်သိသွားပါတယ်။ PHP $_HTTP POST method ကိုမသုံးဘဲ . . $_REQUEST ကိုသုံးတော့မှ အဆင်ပြေသွားတယ်ဗျာ . .။
အဲဒီမှာ ဘာသင်ခန်းစာရလိုက်လဲဆိုတော့ ပညာရပ်တစ်ခုကို သေသေချာချာ ဂဃနဏ သိအောင်လုပ်သင့်ကြောင်း မသိဘဲ မှန်းရမ်းလုပ်နေမယ်ဆိုလျှင် ဒီလိုပဲ အဖြေရှာမရဘဲ ရွာလည်နေမှာပဲ ဆိုတာကိုတွေးမိပါတယ်။
နောက်တစ်ခုကတော့ customer ရဲ့တောင်းဆိုချက်ပါ။ Refresh လုပ်လိုက်လျှင် ဖြစ်စေ တခါတရံ page ကို ဖွင့်ကြည့်သည့်အခါတွင် ဖြစ်စေ flash file ရဲ့ ဒီဇိုင်းကို ပြောင်းချင်ပါတယ်တဲ့ ဆိုလာလေခြင်း . .
ဘာ langugae နဲ့ ရေးရပ . . စဉ်းစားမိတော့ javascript မှလွဲပီး မရှိ။ အင်တာနက်မှာ digging လုပ်ကြည့်တော့ javascript script array function နဲ့ရေးထားတဲ့ random flash banner လုပ်ပုံလေးကို သွားတွေ့ပါတယ်။ အဲဒီ coding လေးတွေကို html page ထဲမှာ ထည့်လိုက်တော့ . . ဟောဒီမှာ flash လေးတွေက random (or) alternate ဖြစ်သွားပါပီ . .

Java script coding source ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ် . . .

Share This Post